ရေခဲသေတ္တာ (သို့) Air-Con compressor များသည် မီးပြတ်သွားလျှင် (သို့) အဝင်မီးအား နည်းလွန်း/များလွန်းခြင်းကြောင့် ဖြတ်တောက်ခြင်းခံရလျှင် compressor အတွင်းရှိ gas ဓာတ်ငွေ့များ လှုပ်ရှားမှု တည်ငြိမ်စေရန် ရေခဲသေတ္တာ (သို့) Air-Con ကို ပြန်မဖွင့်ခင် ၅ မိနစ်ခန့် စောင့်ဆိုင်းဖို့လိုအပ်ပါသည်။ သို့မှသာ ရေခဲသေတ္တာ (သို့) Air-Con ကို သက်တမ်းကြာရှည်စွာ အသုံးပြုနိုင်မည်ဖြစ်သည်။ Innova အမှတ်တံဆိပ် ရေခဲသေတ္တာ (သို့) Air-Con safeguard များတွင် “Auto Quick Start Delay” function ပါဝင်၍ မီးပြတ်ပြီး ချက်ချင်း ပြန်လာလျှင် ၅ မိနစ် စောင့်ဆိုင်းပြီးမှ ရေခဲသေတ္တာ (သို့) Air-Con ကို ပြန်ဖွင့်ပေးမည်ဖြစ်သည်။ အကယ်၍ မီးအားပြတ်တောက်သည့်ကြာချိန်သည် ၅ မိနစ်ထက် ကျော်လွန်နေပြီ ဆိုပါက မီးပြန်လာလျှင် ၅ မိနစ် ထပ်စောင့်စရာမလိုဘဲ ၅ စက္ကန့် သာ စောင့်ဆိုင်းပြီး ရေခဲသေတ္တာ (သို့) Air-Con ကို ပြန်ဖွင့်ပေးမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မီးပြတ်ချိန် (သို့) အဝင်မီးအား နည်းလွန်း/ များလွန်းခြင်းကြောင့် ဖြတ်တောက်ခြင်း ခံရချိန်သည် ၅ မိနစ်ထက် ကျော်လွန်နေမည်ဆိုပါက ရေခဲသေတ္တာ (သို့) Air-Con compressor အတွင်းရှိ gas များ တည်ငြိမ်ပြီးဖြစ်သဖြင့် နောက်ထပ် ၅ မိနစ်ကို မလိုအပ်ဘဲ မစောင့်ဆိုင်းစေခြင်းဖြစ်သည်။ အကယ်၍ မီးအားပြတ်တောက်ချိန် ၄ မိနစ်အကြာတွင် မီးပြန်လာမည် ဆိုပါက နောက်ထပ် ၁ မိနစ်သာ စောင့်ဆိုင်းစေမည် ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် ရေခဲသေတ္တာ (သို့) Air-Con အသုံးပြုရာအခန်း အတွင်းရှိ အအေးဓာတ်များကို မဆုံးရှုံးစေရန် ကာကွယ်ပေးပါသည်။ Innova အမှတ်တံဆိပ် ရေခဲသေတ္တာ (သို့) Air-Con safeguard များတွင် microcontroller controlled smart timer delay (ကွန်ပျူတာ ပရိုဂရမ်ဖြင့် ထိန်းချုပ်သော Auto Quick Start Delay) ပါဝင်ခြင်းသည် အခြား အမှတ်တံဆိပ်များထက် အားသာသောအချက်ဖြစ်ပါသည်။
top of page
15,000.00KPrice
0/500
bottom of page